ကျောက်ကြီးမြို့နယ် သန့်ရှင်းသာယာလှပရေး လမ်းဘေးဝဲယာရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်း

ကျောက်ကြီး ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အပြင် လမ်းဘေးဝဲယာရှိ သစ်ပင်မြင့်များအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကျောက်ကြီးမြို့ပေါ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်နယ်နိမိတ်၊ လမ်းဦးစီးဌာနပိုင် နယ်နိမိတ် အတွင်းရှိ လမ်ပေါ်ကျရောက်နေသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့အဝင်၌ အလှပန်းပင်များ၊ စက္ကူပင်များနှင့် အခြားအရိပ်ရ အပင်များ စိုက်ပျိုးခြင်းနှင့် ဟောင်းနွမ်းနေသည့် လမ်းဘေးပလက်ဖောင်းများ တံတားများအား မြို့သာယာလှပရေးအတွက် အသစ်တစ်ဖန်ဆေးများ သုတ်ခြင်းစသည့် လုပ်ငန်းဆောင်းရွက်ကြပြီး နောက်ရက်များတွင်လည်း မြို့နယ်သန့်ရှင်းသာယာလှပ ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်