အောင်လံ ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ စည်ပင်သာယာမြို့မဈေးကြီးနှင့် တစ်ဆက်တည်း မြနန္ဒာဈေး မီးဘေးလုံခြုံရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ့(၄) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာအမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူး၊ ဈေးတာဝန်ခံ၊ ဈေးကော်မတီ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့် များ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးသိန်းနိုင်က မြို့မဈေးအတွင်း မီးသတ်ရေလိုင်းများဆက်သွယ်ထားရှိမှုနှင့် ရေတိုလှောင်ကန်များတည်ရှိမှု အခြေအနေ၊ မြနန္ဒာဈေးအခြေနေ၊ မြို့မဈေးနှင့် မြနန္ဒာဈေးအခြေအနေတို့ကိုရှင်းလင်းပြသပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုတွင် လူအင်အားအခြေအနေ၊ ငြှိမ်းသတ်အင်အားအခြေအနေ၊ ရေရရှိနိုင်မည့်နည်း လမ်းများ အခြေအနေနှင့် ချိတ်ဆက်ပုံနည်းစနစ်များအကြောင်းကိုရှင်းလင်းတင်ပြကာ မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကိုဖြည့်စွက်မှာကြားပြီး လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှု များကို ကြည့်ရှုအားပေးကာ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌမှ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)