မုဒုံ ဒီဇင်ဘာ ၆
ယခုအခါပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးသုံစွဲရာတွင် ပေါ့ဆမှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းက ဈေးများနှင့် ရပ်ကွက်ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး စောစိုးစိုးမြင့်ဦးဆောင်ပြီး နယ်မြေစခန်း တာဝန်ခံများက မုဒုံမြို့နယ် ရွှေဟင်္သာစည်ပင်သာယာ ဈေးဆိုင်ခန်းများ တွင် လျှပ်စစ်မီးကြိုး သွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေငုတ်တိုင်များ၊ ရေကန်များ၊ အပေါ့စား မီးသတ်စက်များ၊ မီးလောင်မှုဖြစ်ပွားလျှင် အချက်ပေး စနစ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရပ်ကွက်/ ကျေးရွာများရှိ မီးသတ်မီးကင်း ထားရှိမှုအခြေအနေများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်များစနစ်တကျ ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ထားရှိရန်နှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများကို လက်တွေ့ပြသပေးကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)