ဓနုဖြူမြို့နယ်တွင် အားကစားဆိုင်ရာအသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနား ကျင်းပ
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(၂) ရွှေကူ ၊ ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားဆိုင်ရာအသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။