ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် Online Page မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

ပိုင်ကျုံ   ဒီဇင်ဘာ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေ ချစ်မြတ် နိုးသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ကလေးငယ်များ အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို  ပြည်သူ့ စာကြည့်တိုက်   Page တွင် လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် စာဖတ်ပရိတ်သတ် များနှင့် ကလေးငယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန် ပိုင်ကျုံမြို့ရုံး ပြည်သူ့စာကြည့်တိုက် Facebook Pageမှ သုတ/ ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များနှင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်များကို ပိုင်ကျုံ မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်များက ရိုက်ကူး၍ Online မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိ ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)