မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဇေယျာသီရိဈေးရှိဈေးဆိုင်ခန်းများ၌ မီးဘေးအန္တရာယ် ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

အထက်မင်းလှ       ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်ဇေယျာသီရိဈေးရှိဈေး ဆိုင်ခန်းများ၌မီးဘေး အန္တရာယ်ကာကွယ်‌ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့နှင့် တာဝန်ရှိသူများ ကယနေ့နံနက် ၉နာရီခွဲကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။     

ထိုသို့စစ်ဆေးရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိ သူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး များအဖွဲ့ကဈေးအတွင်း ဈေးရောင်းချသည့် ဈေးသည်များအားဇေယျာသီရိဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရန်အတွက် သတ်မှတ်ပေး ထားသည့်နေရာများတွင်       ရောင်းချပစ္စည်းများ ကိုခင်းကျင်း ရောင်းချရန်၊ ဈေးသူ၊ ဈေးသားများ အနေဖြင့် ဇေယျာသီရိဈေးမီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက် ရန်တို့ကိုရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါမီးဘေး လုံခြုံရေးအတွက်စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ် အေးက ဇေယျာသီရိဈေးအတွင်းအပြင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆောင်ရွက် ထားရှိမှု အခြေ အနေများကိုရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)