မြစ်ကြီးနားမြို့ တိုက်ပွဲရှောင်စခန်း (IDP Camp) တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်ဒေသမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်ပေး

အင်ဂျန်းယန်     ဒီဇင်ဘာ ၆

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေဒေသအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက်အသင်းတော် ( IDP Camp ) တွင် နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများအား ဒီဇင်ဘာ (၄)ရက် နံနက် ၉ နာရီက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းစိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးကျော်စိုးနိုင်နှင့် မြိုနယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်ကြည်ပြာနှင့် ကျန်းမာရေးဝန်ထမ်းများက (ပလန)စိန့်ဂျိုးဇက်အသင်းတော် (IDP Camp) တွင် နေထိုင်သည့် အင်ဂျန်းယန်မြို့နယ်မှ ပြည်သူ ကျား (၃၁) ဦးနှင့် မ (၆၉) ဦး၊ စုစုပေါင်း လူဦးရေ (၁၀၀) အား  Vero Cell ( Sinopharm ) (5 Doses/ 1 Vial) (၂၀)လုံး အသုံးပြု၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။