ကော့ကရိတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

ကော့ကရိတ် ဒီဇင်ဘာ      

ကရင်ပြည်နယ်၊  ကော့ကရိတ်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က   ကလေးသူငယ်နှင့် ပတ်သက်သည့် အခွင့်အရေး များနှင့် ကလေးသူငယ်များ ကာကွယ်သည့် ဥပဒေဆိုင်ရာ အကြောင်း အရာများကို  ပြည်သူများနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် ရည်ရွယ်၍  အသိပညာပေး (Talk Show) ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်းက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ဥပဒေပြဌာန်း ချက်များ၊ ကလေးသူငယ်နှင့်ပတ်သက်သည့် အခွင့်အရေးများနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)