သာယာဝတီ ဒီဇင်ဘာ ၆
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက်ပိုင်းမှစပြီး ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ လူသွားလူလာများသော လမ်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် စီးနှင်းသူများအနေဖြင့် တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်များအား သိုလှောင်ရောင်းဝယ်ခြင်း၊ Show Room များ၊ ဆိုင်ကယ်ပွဲစားများတွင် တရားဝင် တင်သွင်းလာသော ယာဉ်များနှင့် အတူ ရောနှောလျက် ရောင်းချခြင်း၊ တရားဝင်မှတ်ပုံတင် ထားသော ယာဉ်များ၏ နံပါတ်ပြား တပ်ဆင်အသုံးပြုခြင်း၊ တရားဝင်မှတ်ပုံတင်ထားသော ယာဉ်များနှင့် အသွင်တူ၊ အသွေးတူ ပုံတူပွားလျက် အသုံးပြုခြင်း၊ နိုင်ငံတော်မှ တရားဝင်ထုတ်ပေးထားသော ယာဉ်လိုင်စင်၊ မှတ်ပုံတင်အဝိုင်း၊ စာအုပ်များအတုအပ ပြုလုပ်လျက်လိုင်စင်မဲ့ ယာဉ်အားရောင်းချခြင်း၊ မော်တော် ဆိုင်ကယ်အမျိုးမျိုးအား နယ်စပ်တွင် Custom Duty ဆောင်ခဲ့ပြီး မိမိဒေသရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်မပြုလုပ်ဘဲ စီးနင်းအသုံးပြုခြင်းများ မပြုလုပ်ရန်နှင့် စစ်ဆေးတွေ့ ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကာ ယာဉ်နှင့် အတူ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမည်ဖြစ်ပြီး မော်တော်ယာဉ် စီးနင်း အသုံးပြုရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများအားလုံး ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်စီးနင်းရ မည်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်စီးနင်းရန်နှင့် ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမိုစီးနင်းခြင်း မပြုရ စည်းကမ်းချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူ ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင် အသုံးပြုရာတွင် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားမစီးရ၊ အမျိုးသမီးနှစ်ယောက် စီးနိုင်သည်၊ အမျိုးသားနောက်တွင် အမျိုးသမီးစီးနိုင်သည်၊ မော်တော်ဆိုင်ကယ်စီးလျှင် မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရမည်၊ ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေသော အသံကျယ် (အိတ်ဇောမှ ထွက်သည့် အသံ) ကျယ်ဖြင့် မစီးရ အထက်ပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သန့်ဇော်