တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအတွင်း Mask Campaign ပြုလုပ်

တောင်ဥက္ကလာပ ဖေဖော်ဝါရီလ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် နန္ဒဝန်ဈေးအတွင်း ယနေ့နံနက် ၈နာရီအချိန်က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက် အပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့်  ပါးစပ်နှင့် နှာခေါင်းစည်း Mask အပြင် Facesheld ကိုပါ စနစ်တကျ ဝတ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလဲ Mask ဝတ်ဆင်ပြီးမှဝယ်ယူကြစေရေး၊ အသိပညာပေး ပြောကြားလျက် Mask များ အခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ခင်ဆွေနှင်း(ပြန်ဆက်)