ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ပျဉ်းမနား ဖေဖော်ဝါရီ ၂၁

ကိုဗစ်-၁၉ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့်  နေပြည်တော်၊   ပျဉ်းမနားမြို့နယ်တွင်   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍  Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက  ဘောဂသီရိကားဝန်း အတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်မှုတွင် ပျဉ်းမနားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း ဦးဆောင်၍ အဖွဲ့ဝင်ဗိုလ်မှူးဝေဖြိုးနိုင်နှင့် ဝန်ထမ်းများ၊ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအဖွဲ့များ၊  စည်ပင်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကားဝန်းအတွင်းနှင့် လမ်းမပေါ်သွား လာနေသည့် ပြည်သူများကို နှာခေါင်းစည်း(Mask) ၆၀၀ ခု ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး တေးသီချင်းများ ကားဝန်းအတွင်း လှည့်လည်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်းကျော် မြို့နယ်(ပြန်/ဆက်)