သတင်းများ

ကမမောင်းမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ”အိုမီခရွန်”ရောဂါပိုးကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Feb 28,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ“အိုမီခရွန်”ရောဂါ ကူးစက်ပြန့်ပွားမှု ကိုကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာ ပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ်နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်
Feb 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Feb 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက လက္ကူးကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်
Feb 28,2022
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံ ရပ်ကွက်(၁)လမ်းတွင် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာ မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး၍ လူထုစစ်ဆေးပွဲကျင်းပ
Feb 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် တလိုင်းကွင်းကျေးရွာအုပ်စု၊ မကျီးပင်ကွင်းဒေါင့်ကျေးရွာ မီးလင်းရေးလုပ်ငန်း (ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း) ရာနှုန်းပြည့်ပြီးစီး၍ လူထုစစ်ဆေးပွဲကို ယမန်နေ့ မွန်းလွဲ (၁ )နာရီအချိန်က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield) နှစ်ကြိမ် ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံ
Feb 28,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Covishield)နှစ်ကြိမ် ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံးကာ ကျန်တစ်ဦးဒဏ်ရာရရှိ
Feb 27,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက် ၊ ရွှေတောင်ကျေးရွာ အနီးတွင် ယနေ့ နံနက် ၁၁ နာရီ အချိန် ခန့်က တောဆင်ရိုင်းနင်းမိ၍ တစ်ဦးသေဆုံးကာ ၊ ကျန်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ခန္တီးမြို့ စည်ပင်သာယာမင်္ဂလာဈေးရှေ့၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်
Feb 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မြို့မ မင်္ဂလာဈေးရှေ့၌၊ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းတည့်(၁၂) နာရီအချိန်က ဈေးမီး လောင်မှုကြီးများမဖြစ်ပွား မပေါ်ပေါက် စေရန် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရန်နှင့် မီးလောင်မှု ဖြစ်ပွားလာပါက အလျင် အမြန်တုံ့ပြန် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ခန္တီးခရိုင်မီးသတ် ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်ဇာတ် တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။