သတင်းများ

မရမ်းကုန်းမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Mar 03,2022
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ မြို့နယ် သမဝါယမ အသင်းစု၏ (၁-၄-၂၀၁၉)မှ (၃၀-၉-၂၀၂၀)ရက်နေ့ထိ (၁၈)လအတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်​နေ့ နံနက် ၁၀:၀၀နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ (၁၅၉) ကြိမ်​​​မြောက် ဗုဒ္ဓပူဇနိယပွဲ​​တော် ဆွမ်းဆန် စိမ်း​လောင်းလှူပွဲကျင်းပ
Mar 03,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ​ရှေး​ဟောင်းသမိုင်းဝင် အပရာဇိတဆံ​တော်ရှင် ကျိုက်ဝိုင်း​စေတီ​​တော်မြတ်ကြီး၏ (၁၅၉)ကြိမ်​မြောက်ဗုဒ္ဓပူဇနိယပွဲ​တော် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲအခမ်းအနားကို ယမန်​နေ့ည​နေ ၄:၀၀နာရီ အချိန်က ​စေတီ​တော်မြတ်ကြီး၏ရင်ပြင်​တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွာငံမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအစီအစဉ်ဖြင့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိ
Mar 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအစီအစဉ်ဖြင့် မြို့အဝင်စုပေါင်း စစ်ဆေးရေးဂိတ်၌ နေ့စဉ်နံနက်၈နာရီမှ ညနေ၅နာရီအထိ ပြည်သူ များအား ကိုဗစ်−၁၉ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ပြည်သာယာ(မြောက်)လမ်းမကြီးအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Mar 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာ ရေးနှစ်တွင် ပြည်သာယာ (မြောက်)လမ်းမကြီးအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖိတ်ခေါ်(ဖလား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
Mar 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့တွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖိတ်ခေါ်(ဖလား)ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ နေ့လည်၂နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပြီး အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မိုင်းလင်း FC ဘော လုံးအသင်းနှင့် Shan Star FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမိုင်းလင်း FC ဘောလုံးအသင်းက၂ဂိုး ၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး လွိုင်လင်မြို့၌ဖွင့်လှစ်
Mar 03,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သစ်ဖွင့်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့၌ ယမန်နေ့နံနက်(၀၉း၄၅)နာရီက အဆိုပါရုံး အဆောက်အဦးရှေ့တွင်ကျင်းပပြုလုပ်ပါသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအတွက် အလှူငွေများလှူဒါန်း
Mar 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ ယနေ့နံနက်ပိုင်းတွင် အလှူငွေများကို အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ပုလောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Mar 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့နံနက်(၈)နာရီက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့သည်။