ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

ရေတာရှည်  မတ် 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆေးရုံဝင်းအတွင်းနှင့် အပြင်ဘက်မှ ခြုံနွယ်များရှင်းလင်းခြင်း၊ မြက်ပင်ပေါင်းပင်များရှင်းလင်းခြင်း၊ အမှိုက်သရိုက်များနှင့် စွန့်ပစ်ပစ္စည်းများအား ကောက်ယူသိမ်းဆည်းခြင်း သစ်ရွက်​ခြောက်များအား မီးရှို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြပြီး ထွက်ရှိလာသည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် သယ်ယူရှင်းလင်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)