ဘားအံ မတ် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ (၂၀၄၉) ဦး စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၉) ကျောင်းနှင့် အထကခွဲကျောင်း (၁၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈) ခုမှ ဘာသာတွဲ (၁) ဖြေဆိုသူကျား (၅၁၅) ဦး၊ မ (၈၈၃) ဦး ပေါင်း (၁၃၉၈) ဦး၊ ဘာသာတွဲ (၂) ဖြေဆိုသူ ကျား (၉၀) ဦး၊ မ(၁၃၅)ဦး၊ ပေါင်း(၂၂၅)ဦး၊ ဘာသာတွဲ(၇)ဖြေဆိုသူ ကျား(၁၃၅)ဦး၊ မ(၂၉၁)ဦးပေါင်း (၄၂၆)ဦးရှိကြောင်း စာစစ်ဌာန(၈)ခုမှာ အထက(၁)ဘားအံ စာစစ်ဌာန၊ အထက(၂)ဘားအံစာစစ်ဌာန၊ အထက (၄) ဘားအံစာစစ်ဌာန၊ အထက လှာကာ စာစစ်ဌာန၊ အထက ထုံးအိုင်စာစစ်ဌာန၊ အထကအိန္ဒုစာစစ်ဌာန၊ အထကတောင်ကလေး စာစစ်ဌာန၊ အထကဇာသပြင်စာစစ်ဌာန တို့ဖြစ်ပြီး စုစုပေါင်းဖြေဆိုသူ ၂၀၄၉ ဦးတွင် ကျောင်း တွင်းဖြေဆိုသူ (၁၄၈၄) ဦးနှင့် ပြင်ပဖြေဆိုသူ (၅၆၅) ဦး စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)