ဘောလခဲ မတ်လ ၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ပွန်ချောင်းရေတင် တပိုင်တနိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများကြောင့် စိုက်ပျိုးသူမိသားစုများအနေဖြင့် ပုံမှန်ဝင်ငွေများရရှိနေကြကြောင်း သိရှိရသည်။
ဘောလခဲဒေသသည် ပူပြင်းခြောက်သွေ့သော နေရာတခုဖြစ်သော်လည်းရာ သီသီးနှံအဖြင့် မိုးနှမ်းတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးလုပ်ကိုင်နေရသော မြို့လေးဖြစ်သည်။ ဆောင်တွင်းကာလ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ပွန်ချောင်းကမ်းဘေးများရှိ မြေနုကျန်သဲဆန်မြေများမှ မြို့ပေါ်ရပ်ကွက်ရှိ မိသားစုအချို့က မြေပြင်ရှင်းလင်းပြီးတရိတ္ဆန်များ ဖျက်ဆီးမှုမရှိအောင် ခြံစည်းရိုးကာပြီး တပိုင်တနိုင်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်များလုံလောက်စွာ စားသုံးနေရသည့်အပြင် မြို့ပေါ်ရပ်ကွက်နေပြည်သူများ၏ လာရောက်ဝယ်ယူစားသုံးမှုကြောင့် အပိုဝင်ငွေများလည်း ရရှိနေပြီဖြစ်သည်။
ပွန်ချောင်းရေတင် ဟင်းသီးဟင်းရွက်စိုက်ခင်းမှ စိုက်ပျိုးရရှိသောသီးနှံများမှာ မုံညှင်းရွက်၊ ဆတ်လပ်ရွက်၊ နံနံပင်၊ မုံလာဥ၊ ကုလားချဉ်ပေါင်၊ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီး၊ ကြက်သွန်မိတ်၊ ကြ်သွန်နီဥနှင့် ပဲအမျိုးမျိုးကိုလည်း စိုက်ပျိုးထားရှိကြကြောင်း သိရှိရသည်။
ဒေါ်ဇင်မာထွန်း