ရေတာရှည် မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အခြေခံပညာဦးစီးဌာနက ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အခြေခံပညာကျောင်းများ၌ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် မြို့နယ် ပညာရေးမှူး ဒေါ်ခင်သက်ဦးတို့က တာဝန်ရှိသူများ နှင့်အတူ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျောင်း ဆောင်သစ်များ ဆောက်လုပ်နေသည် ငွေတောင်ကျေးရွာရှိ မူလတန်းလွန်ကျောင်း၊ ထန်းကုန်းကျေးရွာရှိ အလယ်တန်းကျောင်းနှင့် ရေတာရှည်မြို့ အမှတ် (၅) ရပ်ကွက် ရွှေကြက်ယက်ရှိ အထက်တန်းကျောင်းများတွင် ကျောင်းဆောင်သစ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြား ခဲ့သည်။
ငွေတောင်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိသည့် steel structure (၁)ထပ် တိုးချဲ့ ကျောင်းဆောင်သစ်အား ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၅၂.၉၀၀ ဖြင့်လည်းကောင်း၊ ထန်းကုန်းကျေးရွာ အလယ်တန်းကျောင်းရှိ အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍ အလျား ၉၀ ပေ၊ အနံ ၃၀ ပေ ရှိသည့် steel structure ကျောင်းဆောင်သစ်အား ရန်ပုံငွေ ကျပ် သန်း ၅၂.၉၀၀ ဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ရေတာရှည်မြို့ အမှတ်(၅) ရပ်ကွက်ရှိ အထက်တန်းကျောင်း(ရွှေကြက်ယက်) တွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍ အလျား ၁၃၀၊ အနံ ၃၀ ရှိသည့် RCC နှစ်ထပ် အဆောက်အဦးအား ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၁၉၄.၆၈၈ ဖြင့် ဆောင်ရွက်လျှက်ရှိရာ ယခုအရာ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး မတ်လအတွင်း ရာနှုန်းပြည့် ပြီးစီး အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)