သတင်းများ

ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင် သင်္ဘောစိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်း
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင်စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ကျိုက်လတ်၌ ဇဝနဗုဒ္ဓအကယ်ဒမီ၏ တတိယအကြိမ်မြောက် Diploma Certificate ပေးအပ်ပွဲ ကျင်းပ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မန္တလေးဗုဒ္ဓတက္ကသိုလ်၏ ပညာရေး ဌာနခွဲ၊ ဇဝနဗုဒ္ဓအကယ်ဒမီ၏ တတိယအကြိမ်မြောက် Diploma Certificate ပေးအပ်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက ဇဝနဗုဒ္ဓအကယ်ဒမီဝန်းအတွင်းရှိ ပညာဝေပုလ္လ စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့သည်။        အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး ဇဝနဗုဒ္ဓအကယ်ဒမီ အဓိပတိ ဆရာတော်ကြီးဘဒ္ဒန္တဇဝနဝံသမဟာထေရ်က ရှေးဦးစွာဝမ်းမြောက်ကြောင်း စကားမိန့်ကြားပေး တော်မူခဲ့သည်။ ဆက်လက်၍ ဇဝနဗုဒ္ဓအကယ်ဒမီ၏ အနုနာယက ဘုန်းတော်ကြီး ဦးကုသလ၊ မန္တလေးဗုဒ္ဓတက္ကသိုလ်နှင့် ထားဝယ်ဗုဒ္ဓကောလိပ်တို့မှ မော်ကွန်းထိန်းဆရာတော်များ၊ ရန်ကုန်ဗုဒ္ဓ တက္ကသိုလ်(ရွှေပြည်သာ)မှ ဒုတိယပါမောက္ခချုပ်ဆရာတော်နှင့် အောင်ဗုဒ္ဓကောလိပ်၏ တာဝန်ခံ ဆရာတော်တို့ကလည်း ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်စေရန် ဆက်လက်ထိန်းသိမ်းပြီး တန်ဖိုးထားတတ်စေရန် တို့အတွက် ဝမ်းမြောက်ကြောင်းစကားများကို မိန့်ကြားခဲ့ကြသည်။ တစ်ဖန် ဇဝနဗုဒ္ဓအကယ်ဒမီ အကျိုးတော်ဆောင်အဖွဲ့၏ နာယကကြီး ဦးစိန်ကြည်ကလည်း ဝမ်းမြောက် ကြောင်းစကား လျှောက်ထားခဲ့သည်။
သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပ
Mar 24,2022
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ ပေးTalk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့တွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ် ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ညနေပိုင်းအချိန်က ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ အိမ်ပေါ်လဲကျနေ သည့်သစ်ပင်အားကူညီရှင်းလင်း
Mar 24,2022
မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန် က အိမ်ပေါ်သစ်ပင်လဲကျနေသည်များကို သွားရောက် ကူညီဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့​ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ​အား စာ​မေးပွဲ​ဖြေဆိုခွင့် ကတ်ပြားများ စတင်ထုတ်​ပေး
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ​ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကိုယ​နေ့ နံနက်ပိုင်းမှစ၍ ထုတ်​ပေး​နေပြီဖြစ်​ကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များဖြန့်ဝေ
Mar 24,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များအား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 24,2022
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို မတ်လ ၂၃ရက်နေ့ နံနက် ၁၁နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။