သတင်းများ

အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကျင်းပ
Jun 08,2021
ကျေးလက်နေပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုတနိုင်တပိုင်ဝင်ငွေ မြှင့်တင်ရေး၊ ခေတ်မီနည်းပညာများ၊ အသိပညာ ပြန့်ပွားစေရေးအတွက် ရှမ်းပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ အုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီခွဲက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒိုကဦးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပပြုလုပ်
Jun 08,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ၁၃၈၃ (၂၀၂၁)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မူ)တန်း များကိုပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဘုရား ကြီးကျောင်းတိုက်အတွင်းရှိဓမ္မရုံကြီး၌၂၀၂၁ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင်စတင်ကျင်းပပြုလုပ်သည်။
ဒိုက်ဦးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပပြုလုပ်
Jun 08,2021

ဒိုက်ဦး ဇွန် ၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ၁၃၈၃ (၂၀၂၁)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မူ)တန်း များကိုပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြ

တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk-Show) ပြုလုပ်
Jun 08,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ အသိ ပညာပေး ဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် (၁၀) နာရီက ကျိုက်မရောမြို့နယ် လူထု အခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲစတင်ဖြေဆို
Jun 08,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာ နက ကြီးမှူးကျင်းပသည် ၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမ ပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့်၁၂နာရီက မုဒုံမြို့နယ်သာသနာ့ဗိမာန်တော်၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ အင်းလုပ်ငန်း ရာသီနှစ်အတွက် (တတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချ ခြင်းနှင့် (ဒုတိယ)အကြိမ် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ
Jun 08,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ အင်းလုပ်ငန်းရာသီနှစ်အတွက် (တတိယ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ဒုတိယ)အကြိမ် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနား ကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်မြို့၌ အသက် (၂၅)နှစ်အောက် အမျိုးသမီး​ဘောလုံးပြိုင်ပွဲလူရွေးပွဲကျင်းပ
Jun 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ရတနာရွေပြည် ခရိုင်အားကစားကွင်း၌ ယမန်နေ့ နံနက် (၇) နာရီအချိန်တွင် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးခရိုင်အဆင့် လူရွေးပွဲကို ကျင်းပပြုလုပ်သည်။
မိုးကုတ်မြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 08,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် ၂ဝ၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်ကမဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ အဆောင်များတွင် ကျင်းပပြုလုပ်ခဲ့သည်။