သတင်းများ

မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိ
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအလိုက် ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron) ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံထားပြီးသော ပြည်သူများ(၃၅၀)ဦးအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ထိုးနှံပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ကျေးရွာများအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းသွားရောက်၍ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
တံတားမြို့တွင်( ၇၇ ) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် တပ်မတော်နေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်နှင့် နိုင်ငံနှင့် လူမျိုးအပေါ်ကာကွယ်လိုစိတ်၊ ထိန်းသိမ်း စောင့်ရှောက်လိုသည့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် လူစည်းကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျိုင်းတုံမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်
Mar 24,2022
ကလေးများအတွက် ဖွံ့ဖြိးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ ပေါ် (၁၁)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီခွဲက အိမ်တိုင်ရာများအရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
မြောင်းမြမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​ မြောင်းမြမြို့နယ်အတွင်းရှိ မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးသော ငါးမြင်းချောင်းကျေးရွာ၊ ဘိုင်နင်းကျေးရွာနှင့် နံကပ်ကျေးရွာများရှိ မိသားစုများကို ကယ်ဆယ်ရေးပစ္စည်းများအား ယနေ့ နံနက်ပိုင်းက ​ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။