သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပ

သရက်ချောင်း မတ်  ၂၄

နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးTalk Show ဆွေးနွေးပွဲကို  ယနေ့ နံနက်(၁၀)နာရီက သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်း ခလိုက်ရှုက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက် အားရှင်းလင်းဆွေးနွေးပြီး သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် "အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသမီးအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများ အကြောင်း၊ အမျိုးသမီး များ၏အခွင့်အရေးများ အပြည့် အဝရရှိခံစားနိုင်စေရေးနိုင်ငံတကာနှင့်ထားရှိသော ကတိကဝတ်များ၊ အမျိုးသမီးများနှင့် အမျိုးသားကြား  လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများအပေါ်အခြေခံပြီး ဖြစ်ပေါ်လာသော နောက်ဆက်တွဲသားဖျက်ခြင်း၊ မွေးကင်းစကလေးများစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလှုပ်ရှားမှု အစီအစဉ်များကိုထိထိ ရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီး ရေးတက်ကြွစွာ လှုပ်ရှားနေသော ပြည်တွင်းအဖွဲ့ အစည်းများ နှင့်ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုကဆွေးနွေးပြောကြားပေးပါသော ဦးစီးအရာရှိ ဒေါ်လှလှထွန်း အားကျေးဇူးအထူး တင်ရှိပါကြောင်းနှင့်အသိပညာပေးဆွေးနွေးပွဲTalk Show များကို ဆက်တိုက်ပြုလုပ်ပေးရန်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရ သည်။

နန်းခလိုက်(သရက်ချောင်း)