သတင်းများ

သရက်မြို့၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို မင်းတုန်းလမ်းရှိ အမှတ်(၁) အ-ထ-က ကျောင်းရှေ့တွင် ဆောက်လုပ်မည်ဖြစ်ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍
ပေါက်ခေါင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြား
Mar 24,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးတိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြား များ ထုတ်ပေး
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ စာစစ်ဌာန (၅)ခု၌ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ လွှဲပြောင်းအပ်နှံ
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများအား ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းများလွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လွိုင်ကော်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြိှမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်
Mar 24,2022
ကယားပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ယခုအခါ ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီ ဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၏ အဆောက်အဦ ပစ္စည်းများ မီးလောင်ဆုံးရှုံး မှုမရှိစေရန် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြိှမ်းသတ် သရုပ်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ် ရေးရုံး၌ ကျင်းပသည်။
မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာ၌  ကျေးရွာတွင်းမြေသားလမ်းမှ ကွန်ကရစ်လမ်းသို့ ကိုယ်ထူကိုယ်ထ အဆင့်မြှင့်တင်
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာတွင် ကျေးရွာကိုယ်ထူ ကိုယ်ထ   ကွန်ကရစ်လမ်းခင်းခြင်းကို   ကျေးရွာနေပြည်သူများ အလှူငွေနှင့် လုပ်အားစုပေါင်းပြီး ယနေ့နံနက် ပိုင်းကစ၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   
ပြည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ
Mar 24,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
သီပေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား အချင်အတွယ်၊ ဈေးနှုန်း မှန်ကန်ရေး၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းနှင့် တရားဝင်လုပ်ငန်း လိုင်စင်ရယူ၍ ဆောင်ရွက်ခြင်းရှိ၊မရှိကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။