ချောက် မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကိုယနေ့ နံနက်ပိုင်းမှစ၍ ထုတ်ပေးနေပြီဖြစ်ကြောင်းသိရသည်။
ချောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနများအဖြစ် ချောက်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကြီးနီ၊ ဂွေးချို၊ ဂွေးပင်၊ ကြောင်လျာတော၊ ကျောက်ရဲ၊ စလေတို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအပါအဝင် စာစစ်ဌာန(၇)ခုဖွင့်လှစ် ထားရှိ သွားမည်ဖြစ်သည်။ ချောက်မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုမည့်သူ (၅၄၂)ဦးရှိပြီး အတွဲ(၁) ဖြေဆိုမည့်သူ(၃၆၈)ဦး၊ အတွဲ(၂) ဖြေဆိုမည့်သူ(၁၀) ဦး၊ အတွဲ(၇) ဖြေဆိုမည့်သူ(၁၆၄) ဦးဖြစ်ပြီး၊ ပြင်ပဖြေဆိုမည့်သူ(၄၈၉) ဦးတွင် အတွဲ(၁) ဖြေဆိုမည့် သူ(၃၈၉)ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ(၈) ဦး၊ အတွဲ(၇)ဖြေဆိုမည့်သူ(၉၂)ဦးဖြစ်သည်။
အဆိုပါ ကျောင်းတွင်းဖြေဆိုမည့်သူ (၅၄၂) ဦးနှင့် ပြင်ပဖြေဆိုမည့်သူ (၄၈၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၀၃၁) ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)