ဟားခါးမြို့၊ ဗိုလ်တိုက်ချွန်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Mar 25,2022
ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နိုင်ငံနှင့်လူမျိုးချစ်မြတ်နိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေး ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။