ညောင်ဦး မတ် ၂၄
မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန် က အိမ်ပေါ်သစ်ပင်လဲကျနေသည်များကိုသွားရောက် ကူညီ ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အာစနီမုန်တိုင်း၏အရှိန်ကြောင့် ညောင်ဦးမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ညပိုင်းနှင့် ၂၃ ရက်နေ့တို့တွင် လေတိုက်ခြင်း၊မိုးရွာခြင်း များဖြစ်ပေါ်ခဲ့ရာ ညောင်ဦးမြို့ အမှတ်-၃ ၊မြို့မကွက်သစ်ရပ် ဝါးရောင်းဝယ်ရေးအိမ်တွင် ဖျောက်ဆိပ်ပင်လဲကျကာ အိမ်ပေါ်ပိနေ သည့် ဖျောက်ဆိပ်ပင်အား ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အမှတ်-၅ အရန်မီး သတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ခုတ်ထွင် ရှင်းလင်း ပေးခဲ့ရာ နံနက် ၁၁ အချိန်ခန့်တွင် ကူညီရှင်းလင်းပေးနိုင်ခဲ့ကြောင်း အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့ ဦးဖိုးသားထံမှ သိရ သည်။
ကိုထိန်၊KPD