ကြာအင်းဆိပ်ကြီး မတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များအား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများ ပြည်သူများအနေဖြင့် လေ့လာသိရှိစေနိုင်ရေးအတွက် ယနေ့နံပိုင်းအချိန်က လူစည်ကားရာ အမှတ် (၅) ရပ်ကွက်ရှိ ဇမိရတနာဈေးအတွင်းသို့ သွား ရောက်ပြီး အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇွန်လ ဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်း အရုံးကြီးတွင် ပြောကြားသည့် ပါဝင်ကူညီပါ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကဗျာဆရာ စိုးမိုး (ပုသိမ်) ရေးသားသည့် ၂၇-၃-၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ နွေအလှကဗျာနှင့် ကာကွယ်စောင့်ရှောက်သွားမည်သာ ခေါင်းစဉ်ဆောင်း၊ စသည်များအား ပါဝင်ဂုဏ်ပြု ရေးသား ထုတ်ဝေထားကြောင်း သိရသည်။
မျိုးမင်းဦး