သတင်းများ

ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တူညီဝတ်စုံများ ချီးမြှင့်ပေးအပ်
Mar 25,2022
ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရန်နှင့် သက်သာချောင်ချိမှုရှိစေရန်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်းများအား တူညီ ဝတ်စုံများ ချီးမြှင့်ပေးအပ်ခြင်းကို ယမန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘက်စုံသုံးဆပ်ပြာဆီသင်တန်း ဖွင့်လှစ်
Mar 25,2022
ပြင်ဦးလွင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဘက်စုံသုံးဆပ်ပြာဆီသင်တန်းကို မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရပြီး  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Mar 25,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခွန်ငွေကောက်ခံရရှိမှုနှင့် Mini Budget တွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြုလုပ်
Mar 25,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စစ်တုရင် ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နေ့လည်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ(Community Center) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 25,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကြက်ခြေနီအသင်း ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပေးအပ်ပွဲသို့ တက်ရောက်
Mar 25,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ “ပန်းခင်း”စီမံချက်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက် ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အီးကေကိမ်းငင်းခန်းမ၌ ကျင်းပသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပ
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုး သူများအသင်း (Youth Club) အဖွဲ့များပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေ ဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ဘုတ်ပြင်းချောင်းပေါ်တွင် တည်ဆောက်ပြီးစီးသည့် ဘုတ်ပြင်း-အုန်းတော ကမ်းတံတားကို ယနေ့နံနက်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။