သတင်းများ

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ၉၂ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးနှံပေးပြီးဖြစ်
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီး နေ့စဉ် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ မတ် ၂၄ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၁၂၅၁၅၇ ဦး နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၆၇၈၉၇ ဦး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်၍ တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၉၂ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။
ဝက်လက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး
Mar 25,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ပေါ် ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများကို မတ်လ ၁၅ ရက်နေ့မှ စတင်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်း လုပ်ငန်းများကို ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များက ဆောင်ရွက် ကြကြောင်း သိရသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community   Centre)  ခန်းမတွင်   မြို့စာကြည့်တိုက်ကြီးကြပ်မှု   ကော်မတီမှ စာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဂရန်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Mar 25,2022
ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန် နှင့်ငါးသယံဇာတများတိုးပွားပြီးငါး ရိက္ခာဖူလှုံစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများစိုက်ထည့်ပေးလျှက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တက်ဆိပ်ဂရန်အင်းများ အတွင်းသို့ ငါးမြစ်ချင်းကောင်ရေတစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်ကငါး သိုင်းချောင်းမြို့၊ တက်ဆိပ်ကျေးရွာ၊ ဂရန်အင်းများအတွင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်‌‌ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြား စတင်ထုတ်ပေး
Mar 25,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၁-၂၂၀၂ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့နံနက် ၉ နာရီ အချိန်ကစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနတွင် ထုတ်ပေး နေပြီ‌ဖြစ်‌ကြောင်း သိရသည်။
ချောက်မြို့နယ်အားကစားကွင်း၌ ​နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 25,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့၌​ အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ​ကျောင်းပိတ်ရက်တွင် လူငယ်များအား မြို့နယ်အားကစားကွင်း၌ ​နွေရာသီ အားကစားသင်တန်းများကိုမတ်လ ၂၁ရက်​နေ့က စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။