သတင်းများ

မော်လမြိုင်မြို့တွင်သဘာ၀ပတ်၀န်း ကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Mar 24,2022
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့တွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖွင့်လှစ်
Mar 24,2022
လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မိုဘိုင်းလက်ကိုင်ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။
ရွှေကျင်မြို့တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပသည်။
ဗန်းမော်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ မြညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Mar 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
သိန္နီမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုံးချုပ်)မှ ထုတ်ဝေသော မတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ မြို့မစျေးကြီး အတွင်း၊ ဌာနဆိုင်ရာများနှင့် စာချစ်သူများထံသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကျင်းပ
Mar 24,2022
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 24,2022
လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားတိုးတက်ရေးနှင့် စာပေမှရသော အသိပညာဗဟုသုတများအား အသုံးချတက်စေရန် တစ်ဦးနှင့်တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များ မျှဝေတက်စေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။