မြောင်းမြမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြောင်းမြ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​ မြောင်းမြမြို့နယ်အတွင်းရှိ မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးသော ငါးမြင်းချောင်းကျေးရွာ၊ ဘိုင်နင်းကျေးရွာနှင့် နံကပ်ကျေးရွာများရှိ မိသားစုများကို ကယ်ဆယ်ရေးပစ္စည်းများအား ယနေ့ နံနက်ပိုင်းက ​ပေးအပ်ထောက်ပံ့ခဲ့ ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ခရိုင်/မြို့နယ် သဘာဝဘေး ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ငါးမြင်းချောင်းကျေးရွာတွင် ပြိုကျပျက်စီးခဲ့သော နေအိမ်(၃)လုံး၊ လူဦးရေ(၁၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၃)ပုံးနှင့် ဘိုင်နင်းကျေးရွာ၊ နံကပ်ကျေးရွာတွင် ပြိုကျပျက်စီးခဲ့သော နေအိမ် (၂)လုံး၊ လူဦးရေ(၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)ပုံးအား ​နေထိုင်ရာ ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကေခိုင်