တံတား မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် တပ်မတော်နေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်နှင့် နိုင်ငံနှင့် လူမျိုးအပေါ်ကာကွယ်လိုစိတ်၊ ထိန်းသိမ်း စောင့်ရှောက်လိုသည့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် လူစည်းကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် (၂၇-၃-၂၀၂၂) ရက်နေ့ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ “ကာကွယ်စောင့်ရှောက် သွားမည်သာ” ဆောင်းပါး၊ စိုးမိုး(ပုသိမ်)ရေးသားသည့် “နွေအလှ” ကဗျာ အစရှိသည့် အကြောင်းအရာများ ပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်ရေ (၂၀၀)ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်