မိုင်းယန်း မတ် ၂၄
ကလေးများအတွက် ဖွံ့ဖြိးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ ပေါ် (၁၁)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ အတွက် ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီခွဲက အိမ်တိုင်ရာများအရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက မိုင်းယန်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ (Maternal and Child Cash Transfer – MCCT) အကျိုးခံစားခွင့်ရရှိသော ဟော်တိုက်ရပ်ကွက်၊ ဟော်ကန်ရပ်ကွက်၊ ဟိုကပ်ရပ်ကွက်၊ မောက်မိုင် ရပ်ကွက်၊ မိုင်းပိန်းရပ်ကွက်၊ မွန်ကဲရပ်ကွက်၊ ပါမိုင်ရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ ကျိုင်းဟင်ရပ်ကွက်၊ ပါနွန်းရပ်ကွက်နှင့် ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၃၁)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၆၈)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၄၅၀၀၀)စီဖြင့် အိမ်တိုင်ရာများအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)များအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀)ကို ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးငယ်များ အဟာရပြည့်ဝရေးအတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်(၆၆)ဦးနှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၁၆၃)ဦးရှိပြီး ကျန်ရှိသော ကျေးရွာများသို့လည်း တာဝန်ရှိသူများက အိမ်တိုင်ရာများအရောက် ဆက်လက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)