သတင်းများ

ကျိန္တလီမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 25,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ် ၂၅ရက်နေ့ နံနက်ပိုင်း ၈ နာရီအချိန်က ကျိန္တလီမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်များသို့သွားရောက်၍ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်းသိရသည်။
မင်းလှမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော၍ မီးငြှိမ်းသတ်သရုပ်ပြသ ခြင်းကို မတ်လ ၂၄ ရက် နေ့လည် ၃ နာရီချိန်က မြို့မရဲစခန်း၌ ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရေနံချောင်းမြို့နယ် ကံကြီး-ရုံးကုန်းကျေးရွာ တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာရေပေးဝေရေး လုပ်ငန်းဖွင့်ပွဲသို့ တက်ရောက်
Mar 25,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်းမြို့နယ် ကံကြီး-ရုံးကုန်းကျေးရွာရှိ ချည်မျှင်ရှည်ဝါနှင့် နေကြာစိုက်ခင်းဇုန်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသည့်အတွက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါဇုန်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ဖွင့်လှစ်ပေးသည်။
မိုးညှင်းခရိုင် ပြည်သူ့စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ အခမဲ့လာရောက်ငှားရမ်းဖတ်ရှု
Mar 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များ စာအုပ်စာစောင်များကို အခမဲ့လာရောက် ငှားရမ်းဖတ်ရှု လျက်ရှိသည်။
နောင်ချိုမြို့နယ် စေတနာမွန်အသင်းမှ ရေခက်ခဲသောကျေးရွာများသို့ ရေများသွားရောက်လှူဒါန်း
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေသနာမွန်အသင်းမှ မြို့နယ်အတွင်း ရေခက်ခဲသောကျေးရွာများသို့ ရေများသွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်း၍ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်း၍ လိုက်လံထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သဲတော(၃)၊ လျော်ပင်ကျေးရွာဈေးနှင့် သတ်မှတ်ထားသောကျေးရွာတို့တွင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျိုက်လတ်၌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသမဟာထေရ်၏ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်ပြု ပူဇော်ပွဲကျင်းပ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသမဟာထေရ်၏ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ဂုဏ်ပြု ပူဇော်ပွဲကို အမှတ်(၄)ရပ်ကွက်ရှိ ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းဝန်းအတွင်းရှိ ပညာဝေပုလ္လ ပိဋကတ်စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပျက်ဆောင်ရွက်
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။