ဒေးဒရဲ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ကျေးရွာများအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းသွားရောက်၍ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးတို့ ပူးပေါင်း၍ တိုးကျေးရွာ မှ ပြိုကျပျက်စီး နေအိမ်(၂)အိမ်အတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေ (၅)သောင်းစီဖြင့် (၁)သိန်းကျပ်၊ မိသားစုသုံးနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ Family Kits (၂)ပုံး၊ အမိုးလန်နေအိမ် (၁၂)အိမ်အတွက် တစ်အိမ်လျှင် (၂)သောင်းကျပ်စီဖြင့် (၂၄၀၀၀၀)ကျပ်၊ ဆားကျင်းကျေးရွာရှိ အမိုးလန်နေအိမ် (၁၅)လုံးအတွက် တစ်အိမ်လျှင် (၂)သောင်းကျပ်စီဖြင့် (၃)သိန်းကျပ်၊ အဆိုပါ ပြိုကျပျက်စီးနေအိမ်(၂၉)အိမ်ရှိ လူဦးရေ (၁၁၇)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၂၄၅၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၈၅၇၀၀)တိတိအား ပြည်သူ များ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ရွှေဒေးသူ