မိုးညှင်း မတ် ၂၄
၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များစသည်တို့ ပါဝင်ကြောင်းသိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)