ဝိုင်းမော်မြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Mar 25,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခိုင်သက်မွန် ဦးဆောင်၍ ဝန်ထမ်းများက ဈေးရောင်း/ ဈေးဝယ်များ၊ ကုန်စုံဆိုင်များ၊ ကျောင်းသား/ သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။