သတင်းများ

ကျွန်းစုမြို့နယ်တွင်မော်ကယ်(ဆလုံ)တိုင်းရင်းသားများအားဖိုင်ဘာလှေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ
Mar 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်းတွင် မော်ကယ်(ဆလုံ)တိုင်းရင်းသားများအား ဖိုင်ဘာလှေ များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ ကြောင်း သိရ သည်။
အမာမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးပြုလုပ်
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမာမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အင်္ဂပူမြို့တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရန်မကျန်ရှိ‌စေရေး နေအိမ်အရောက် ကွင်းဆင်းထိုးနှံပေး
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့‌‌ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ကာကွယ်‌ဆေးကို ပြည်သူများထိုးနှံရန် မကျန်ရှိ‌စေရေးအတွက် နေအိမ်များအရောက် ကွင်းဆင်း ထိုးနှံပေးခြင်းကို ယနေ့နံပိုင်းက ပြုလုပ်ခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သောအဖွဲများမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး  ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော နေအိမ်များ အရောက် ကောက်သင်းကောက် စနစ်ဖြင့် လိုက်လံထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရွေသောင်ယံမြို့ရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေး (Talk Show)ကို ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆောင်ရွက်ခဲ့ကြသည်။
မောက်မယ်မြို့နယ်၌ ရှမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ ကျင်းပ
Mar 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သံဃနာယကဥက္ကဌဆရာတော်၊ အောင်မင်္ဂလာမွေတော် အနောက်ကျောင်းဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲကို မတ်လ ၂၂ ရက်နေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) နှင့် အလယ်တန်း အဆင့် (Grade-9) စာမေးပွဲ အေးချမ်းစွာဖြေဆို                     
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့်(Grade-11)နှင့် အလယ်တန်းအဆင့်(Grade-9) စာမေးပွဲကို ယနေ့နံနက် ၉ နာရီက ကြံခင်းမြို့နယ်ရှိ စာစစ်ဌာနများတွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Mar 25,2022
မိုးကုတ်မြို့နယ်ပြန်ကြားရေးနှင်ံ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၂ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့တွင် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး
Mar 25,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။