မိုင်းယန်းမြို့၌  ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်

မိုင်းယန်း နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ အမှတ်(၁၈)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ  ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်းကို  ယနေ့နံနက် ၁၀ နာရီက ထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင်းလှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းယန်းမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့မှူး ဒုရဲမှူးအောင်ကျော်ဇင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကလေးသူငယ်များ လူကုန်ကူးမှုကျူးလွန်ခံရခြင်း၊ အတင်းအဓမ္မလုပ်အားစေခိုင်းခြင်း၊ လိမ်အမြတ် ထုတ် အဓမ္မပြည့်တန်ဆာပြုခြင်းများ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများကို  အသိပညာပေး ရှင်းလင်းဆွေးနွေးပို့ချ ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို  နိုဝင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး မိုင်းယန်းခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး