ငါးသိုင်းချောင်းမြို့၊ အ.ထ.က ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရာ မြို့စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေတို့က ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေး ဟောပြောဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။