ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်  ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဝမ်းတွင်း နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း (၁၀၀)နှုန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ကုန်းကျေးရွာ အုပ်စု ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာလူထု၏ ထည့်ဝင်ငွေ ကျပ်သိန်း (၃၀)တို့ဖြင့် သြဂုတ်လ တတိယပတ်မှ စတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများက ကျေးရွာတွင်းလမ်းအား အရှည် ပေ ၆၅၀ ၊ အကျယ် ၁၂ပေ ၊ ထု ၆လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ကုန်းကျေးရွာရှိ အိမ်ခြေ ၄၇၉ အိမ်၊ လူဦးရေ ၁၈၉၂ ဦးတို့မှာ ရာသီမရွေး သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း  လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)