သတင်းများ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပ
Mar 24,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စာဖတ်စွမ်း ရည်ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းဖြတ်သန်းစဉ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အားကောင်းသောမုန်တိုင်းငယ်ဖြစ်သန်းစဉ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည် မှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Mar 24,2022
စစ်ကိုင်းခရိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တစ်နှစ်ပြည့်ဆောင်ရွက်မှု မှတ်တမ်း စာအုပ်ထုတ်ဝေနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် (၇၇) နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် ​ပြိုင်ပွဲများကျင်းပ
Mar 24,2022
မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ်၌ မတ်လ ၂၇ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် ​ဆေး​ရောင်ခြယ်၊ ကဗျာရွတ်ဆိုနှင့် ပုံ​ပြောပြိုင်ပွဲများကို ယ​နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Mar 24,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားကြသည့် ကျောင်းသား/သူများသို့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့မှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး
Mar 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၁၀) နာရီမှ မွန်းလွဲ(၁)နာရီအချိန်အထိ စာမေးပွဲဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာစာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Mar 24,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးအနီး ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်များ ထုတ်‌‌ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် စတင်ထုတ်ပေးလျက်ရှိသည်။