ရသေ့တောင်မြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရသေ့​တောင် နိုဝင်ဘာ ၂

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ် ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန် စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက် ကျွေးခြင်းများဆောင်ရွက်ရာတွင် မွေးစမှ အသက် (၂)နှစ်အောက် ကလေးများအားဘီစီဂျီ၊ ပိုလီယို၊ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို မွေးစ၊ အသက် (၂)လ၊ အသက်(၄) လ၊အသက်(၆)လ၊ အသက် (၉)လနှင့်အသက်တစ်နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်း၍ အကြိမ်ရေ အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)