သံတောင်ကြီးမြို့နယ် မီးခတ်ချောင်းကျေးရွာတွင် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

သံတောင်ကြီး နိုဝင်ဘာ  ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် သံမိုးတောင်ကျေးရွာအုပ်စု၊  မီးခတ်ချောင်းကျေးရွာတွင် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ကသာသနာ့မုခ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း ဒေါ်ကူးမာနှင်းဆွေမျိုးမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုမြို့တော်ဦးသီလာစာရသဒ္ဓမ္မဇောတိကမဇအရှင်သူမြတ်ဆရာတော်ဘဒ္ဒန္တသီလာစာရထံမှတရားနာယူခဲ့သည်။

ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုမြို့တော် ဦးသီလာစာရသဒ္ဓမ္မဇောတိက မဇအရှင်သူမြတ်ဆရာတော် ဘဒ္ဒန္တသီလာစာရထံမှ သံဃာများအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက်တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနစီရံထိဌတု (၃) ကြိမ်ရွတ်၍ ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသည့်  ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

နော်နော်မူ