သတင်းများ

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ
Mar 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့က စာဖတ်ဝိုင်း ကျင်းပသည်။
ရွှေကူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး
Mar 25,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉)နာရီမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဆောင်ရွက်ခဲ့သည်။
မိုင်းယုမြို့တွင် ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြင့် Box Culvert အသစ်တည်ဆောက်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Mar 25,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆လ) (Mini)၊ ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန် ပုံငွေများဖြင့် မိုင်းယောင်း-မိုင်းယုကားလမ်းမ Box Culvert အသစ်တည်ဆောက်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းကျင်း လုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်၊ မတ်လ၌ ရာနှုန်းပြည့် ပြီးစီးတော့မည် ဖြစ်သည်။
ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ
Mar 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့က စာဖတ်ဝိုင်း ကျင်းပသည်။
ပူတာအိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Mar 25,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများကိုယ်ပိုင် တစ်ပိုင်တစ်နိုင်စီပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဧမာနွေလအေဂျီ ဘုရားကျောင်းဝင်း ဆန်းဒေးစကူးလ်ခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသားကျောင်းသူလူငယ်များအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ
Mar 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Commun ity Centre)ခန်းမတွင် စာပေချစ်မြတ်နိုး သူပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် Talk Show အစီအစဉ်များ ဆောင်ရွက်ကာ Online မှတဆင့် အသိပညာပေး ထုတ်လွှင့်တင်ဆက်ပေးခြင်း၊ အများပြည်သူများနှင့် လူငယ်များအတွက် အကျိုးရှိစေမည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ကျောင်သား၊ ကျောင်းသူများနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးကောင်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မတ် ၂၅ ရက်နံနက် (၁၀)နာရီတွင် လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။