သတင်းများ

ဖျာပုံမြို့နယ်တွင် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစု နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အခြေခံလူဉီးရေစာရင်း ပြည့်စုံမှန်ကန်စေရေး လူဦးရေစာရင်း ပြုစုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတ်လ. ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက မဟာဇနကစာသင်တိုက်၊ ဝဏ္ဏဗိမာန်တော်တွင်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ရွှေအင်းရိပ်သာစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ မြို့ဦးစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝနှင့် မဟာဇနကစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝဏ္ဏရဟတို့က သြဝါဒကထာမြွက်ကြားခဲ့သည်။
ကျိုက်မရောမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်သင်ကြားပေး
Mar 24,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အားကစားနှင်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံအားကစား သင်တန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ အ.ထ.ကခွဲ ကျိုက်မရောခန်းမ၌ သင်ကြား လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများ လက်ဝယ်အရောက်ပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော တိုးကျေးရွာအုပ်စု တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ယမန်နေ့ နေ့လယ်ပိုင်းက တိုးကျေးရွာသို့ ကွင်းဆင်းသွားရောက်၍ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက စတင်ကာ အ-ထ-က(၁)၊ အ-ထ-က (၂)၊ အ-ထ-က(၃) အခြေခံပညာ အထက်တန်း ကျောင်းများရှိ အစည်းအဝေး ခန်းမများ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
မွန်ပြည်နယ်၊‌‌ သထုံမြို့တွင် လာမည့် မတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်က အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် လူအများသွားလာရာ နေရာ တို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
ပြင်စလူမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ အာစနီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်၁၀နာရီအ ချိန်ခန့်က ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၌ နွေရာသီကျောင်းပိတ်ရက် အေရိုဗစ်နှင့်မြန်မာ့သိုင်း အခြေခံအားကစားနည်း သင်တန်းအခမဲ့ ဖွင့်လှစ်
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း)မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံ အားကစားနည်းများဖြစ်သော အေရိုးဗစ်နှင့် မြန်မာ့သိုင်းအားကစားနည်းများကို အခြေခံ ပညာမူလတန်း အမှတ်(၆)ကျောင်း၌ ယနေ့နံနက်ပိုင်း၉နာရီမှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။