သတင်းများ

ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့် ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာစာစစ်ဌာန (၁၃)ခုတို့တွင်ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
မင်းလှ၌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ မဟာထေရ်မြတ်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာရှိ စိတ္တသုခဘုန်း‌တော်ကြီသင်ပညာရေး မူလတန်းလွန်ကျောင်းတိုက်တွင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပိယ မဟာထေရ်မြတ်အား ထပ်ဆင့်ဂုဏ်ပြုချီး‌မြှောက်ပူဇော်ခြင်းအခမ်းအနားကို   ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose) များထိုးနှံပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်း ကျဆင်းစေရေးနှင့်ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီကစဉ့်ကိုင် ပြည်သူ့ဆေးရုံ၌ (Covishield) ထိုးနှံပြီး(၆) လပြည့်သူများကို (Booster Dose)များ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရမ်းဗြဲမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 25,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက် မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုယနေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များ၊ ဈေးဆိုင်သည်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် နွေရာသီ အခြေခံအားကစား သင်တန်းများဖွင့်လှစ်သင်ကြား
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊‌ ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မှ ကြီးမှူး၍ နွေရာသီအခြေခံအားကစား သင်တန်းများကို (၂၁-၃-၂၀၂၂)မှ (၃-၄-၂၀၂၂)ထိ မြို့နယ် အားကစားခန်းမ၌ သင်ကြားလျက်ရှိကြောင်း သိရသည်။
နွေစပါးစိုက်ခင်းများတွင် ဖျက်ပိုးရန်မှကင်းဝေးစေရန် ထရိုင်ကိုဂရားမား ဥကပ်ပါးနဂျီကောင်အသုံးပြု၍ ဇိ၀နည်းဖြင့် ကာကွယ် နှိမ်နင်း
Mar 25,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ၀က္ကသေးကျေးရွာရှိ နွေစပါးစိုက်ခင်းများတွင် ဖျက်ပိုးရန်မှ ကင်းဝေးစေရန် ထရိုင်ကိုဂရားမား ဥကပ်ပါးနဂျီကောင်အသုံးပြု၍ ဇိ၀နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်မျိုးအေး ဦးဆောင်သောအဖွဲ့က ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သာစည်မြိုနယ်တွင် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူ ၁၀၅၆ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့က သတ်မှတ်ဆေးထိုးစုရပ် အသီးသီးနေရာများ၌ ပြည်သူ ၁၀၅၆ ဦးတို့အား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရန်အတွက် ပျိုးပင်ပေါင်း ကိုးသောင်း ပျိုးထောင်
Mar 25,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရန် အတွက် ပျိုးပင်များ အခမဲ့ဖြန့်ဝေနိုင်ရန် ပျိုးပင်ပေါင်း ကိုးသောင်း ပျိုးထောင် ထားရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။