မိုးနဲမြို့၌ ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃/၂၀၂၂) ဖွင့်လှစ်ပို့ချ
Mar 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီစဉ်မှုဖြင့် ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃/၂၀၂၂) ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်း မိုးလုံလေလုံ အားကစားရုံနေရာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့ပေါ် ၅ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။