မိတ္ထီလာ နိုဝင်ဘာ ၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ် တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် ဒုတိယ ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းတို့က ဦးစီးအရာရှိ ရာထူးတိုးမြင့်ရရှိသွားသည့် ဦးသန့်ဇင်အား ရာထူးအမှတ်တံဆိပ်များ ချီးမြှင့်တပ်ဆင်ပေးအပ်ခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း နှင့် ညွှန်ကြားရေးမှူး ဦးအာင်မျိုးကျော်တို့က ဦးစီးအရာရှိ ရာထူးတိုးမြင့်ရရှိသွားသည့် ဦးမျိုးသီဟအား ရာထူးအမှတ်တံဆိပ်များ ချီးမြှင့်တပ်ဆင်ပေးအပ်ခဲ့ရာ ဦးစီးအရာရှိ ဦးသန့်ဇင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)