သတင်းများ

ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်
Mar 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံ မူလတန်းကြိုကျောင်းများ၏ ကျောင်းဆင်းလက်မှတ်ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်
Mar 25,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရုံးခန်းမတွင် မြင်းခြံမူလတန်းကြိုကျောင်းများ၏ ကျောင်းဆက်လက်မှတ် ဂုဏ်ပြုချီးမြင့်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး  (၄/၂၀၂၂) ကျင်းပ
Mar 25,2022
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်း လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်နယ် အတွင်း သတ်မှတ်ကာလတွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်း​​ပြည့်ထိုးနှံနိုင်ရေးကို ပြောကြားပြီး ပြည်နယ်ကော်မတီ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)နှင့် လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
သာယာဝတီမြိုနယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား မီးဘေးကြိုတင်ကာကွယ်ရေး ကြည့်ရှု့စစ်ဆေး
Mar 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန (၃)ခုအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့ မြကန်သာရေကန် ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Mar 25,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်( Mini Budget) ဖြင့် လွိုင်လင်မြို့ မြကန်သာ ရေကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်သို့ လွိုင်လင်ခရိုင် တည်ဆောက်ရေး လုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့၌ ယနေ့နံနက်(၈)နာရီအချိန်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဒေသခံပြည်သူများ အသိ ပညာ ဗဟုသုဝ ကြွယ်ဝစွာရရှိရေးနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို  သိရှိနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းနိုင်လင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကွမ်းလုံမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ဖြန့်ဝေပေးခဲ့သည်။
တံတားဦးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဆိုကြမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Mar 25,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ဖြေဆိုခွင့်ကတ်ပြားများကို ယနေ့နံနက်ပိုင်းကစ၍ တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ထုတ်ပေးလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တောင်ငူ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 25,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။