လွိုင်ကော် နိုဝင်ဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်း များရှိ သံဃာတော်များ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကယားပြည်နယ်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ ဖရူဆိုမြို့နယ်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်ဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဖရူဆိုမြို့နယ်၊ မြို့မအုပ်စု၊ လောခုခူကျေးရွာ ဘုန်းကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)